YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 6:11-16

တရားသူကြီးမှတ်စာ 6:11-16 MSBU

ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။ ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​အကယ်စင်စစ် သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင်​သည် မိဒျန်​လူမျိုး​တို့​ကို လူ​တစ်ယောက်တည်း​ကဲ့သို့ လုပ်ကြံ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။