YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 5:13-16

ရှင်ယာကုပ်ဩဝါဒစာ 5:13-16 MSBU

သင်​တို့​တွင် ဆင်းရဲ​ဒုက္ခ​ခံရ​သူ​ရှိ​လျှင် သူ​သည် ဆုတောင်း​စေ။ ဝမ်းမြောက်​ရွှင်လန်း​သော​သူ​ရှိ​လျှင် သူ​သည် ချီးမွမ်း​သီချင်း​ကို​သီဆို​စေ။ သင်​တို့​တွင် နာမကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အသင်းတော်​အကြီးအကဲ​များ​ကို​ဖိတ်ခေါ်​စေ။ သူ​တို့​သည်​လည်း သခင်​ဘုရား​၏​နာမ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အတွက်​ဆုတောင်း​ပေး​ကြ​စေ။ ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။ သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။