YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 4:5-10

ရှင်ယာကုပ်ဩဝါဒစာ 4:5-10 MSBU

သို့မဟုတ် ကျမ်းစာ​က “ကိုယ်တော်​သည် ငါ​တို့​၌ ကိန်းဝပ်​စေ​တော်မူ​သော​ဝိညာဉ်​ကို သဝန်တို​သော​သဘော​ဖြင့် တောင့်တ​တော်မူ​၏”​ဟူ၍ အကြောင်းမဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ ထို့ကြောင့် ဘုရားသခင်​ကို​နာခံ​ကြ​လော့။ မာရ်နတ်​ကို​ဆန့်ကျင်​တွန်းလှန်​ကြ​လော့။ သို့ပြုလျှင် သူ​သည် သင်​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။ ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။ စိတ်​ညှိုးငယ်​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငိုကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်မော​ခြင်း​ကို ဝမ်းနည်း​ကြေကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ကို ဝမ်းနည်း​ပူဆွေး​ခြင်း​ဖြစ်စေ​ကြ​လော့။ ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။