YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 3:4-6

ရှင်ယာကုပ်ဩဝါဒစာ 3:4-6 MSBU

သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထိုမျှလောက်​ကြီးမား​၍ လေပြင်း​တိုက်​ရာ​သို့​လွင့်ပါ​တတ်​သော်လည်း သေးငယ်​သော​တက်မ​အားဖြင့် တက်မကိုင်​အလိုရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။ ထိုနည်းတူ လျှာ​သည်​လည်း သေးငယ်​သော​အင်္ဂါ​အစိတ်အပိုင်း​ဖြစ်​သော်လည်း အလွန်​ဝါကြွား​တတ်​၏။ မည်မျှလောက်​သေးငယ်​သော​မီး​သည် မည်မျှလောက်​ကြီးမား​သော​သစ်တော​ကို​မီးစွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။ လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။