YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 2:21-25

ရှင်ယာကုပ်ဩဝါဒစာ 2:21-25 MSBU

ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ ယုံကြည်​ခြင်း​သည် သူ​၏​လုပ်ဆောင်​မှု​နှင့်အတူ​အမှုပြု​၍ ထို​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​ခြင်း​သည် စုံလင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိမြင်​ရ​၏။ ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။ လူ​သည် ယုံကြည်​ခြင်း​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​သိမြင်​ရ​ကြ​၏။ ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။

​ရှင်ယာကုပ်ဩဝါဒစာ 2:21-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။