YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 2:14-26

ရှင်ယာကုပ်ဩဝါဒစာ 2:14-26 MSBU

ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။ ညီအစ်ကို​၊ သို့မဟုတ် ညီအစ်မ​သည် အဝတ်မပါ​အချည်းစည်း​နေ​လျက် နေ့စဉ်​လိုအပ်​သော​အစားအစာ​လည်း မ​ရှိ​သောအခါ သင်​တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ​သွား​ကြ​လော့။ နွေးထွေး​စွာ​နေ​၍ ဝလင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်ခန္ဓာ​အတွက် လိုအပ်​သော​အရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ ထိုနည်းတူ ယုံကြည်​ခြင်း​သည်​လည်း လုပ်ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်သက်​သာ​ဆို​လျှင် အသေ​ဖြစ်​၏။ သို့သော် “သင်​၌​ယုံကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်ဆောင်​မှု​ရှိ​သည်”​ဟု အချို့​သော​သူ​က ပြောဆို​လိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်​မှု​ကင်း​သော သင်​၏​ယုံကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ​၏​ယုံကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။ ဘုရားသခင်​တစ်ဆူတည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံကြည်​၏။ ကောင်း​ပေ​၏။ နတ်ဆိုး​တို့​ပင် ယုံကြည်​၍ ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ အို လူမိုက်၊ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည် အကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သလော။ ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ ယုံကြည်​ခြင်း​သည် သူ​၏​လုပ်ဆောင်​မှု​နှင့်အတူ​အမှုပြု​၍ ထို​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​ခြင်း​သည် စုံလင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိမြင်​ရ​၏။ ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။ လူ​သည် ယုံကြည်​ခြင်း​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​သိမြင်​ရ​ကြ​၏။ ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။

​ရှင်ယာကုပ်ဩဝါဒစာ 2:14-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။