YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 64

64
1ကိုယ်တော်​သည် မိုးကောင်းကင်​ကို​ဆုတ်ဖြဲ​၍ ဆင်းသက်​တော်မူ​လျှင် တောင်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် လှုပ်​ကြ​ပါ​လိမ့်မည်​။ 2မီး​သည် သစ်ခက်​တို့​ကို​လောင်​သကဲ့သို့​၊ မီး​သည် ရေ​ကို​ပွက်ပွက်ဆူ​စေ​သကဲ့သို့ ဖြစ်​လိမ့်မည်​။ ကိုယ်တော့်​ကို​ရန်ပြု​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​သိ​၍ လူမျိုးတကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။ 3အကျွန်ုပ်​တို့​မ​မျှော်လင့်​သည့် ကြောက်မက်ဖွယ်​ရာ​တို့​ကို ကိုယ်တော်​ပြု​တော်မူ​သောအခါ​၊ ကိုယ်တော်​ကြွဆင်း​တော်မူ​သောအခါ တောင်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ လှုပ်​ကြ​ပါ​၏​။ 4ကိုယ်တော်​မှတစ်ပါး မျှော်လင့်စောင့်စား​သော​သူ​အား ကျေးဇူးပြု​ပေး​တော်မူ​သော​ဘုရား​ဟူ၍ မ​ရှိ​။ ရှိ​သည်​ဟု ရှေးကာလ​ကတည်းက မည်သူ​မျှ​မ​ကြား​ဖူး​၊ မ​သိ​ဖူး​၊ မျက်စိ​ဖြင့်​လည်း မ​မြင်​ဖူး​ပေ​။ 5ကိုယ်တော်​သည် ဝမ်းမြောက်​သော​စိတ်​ဖြင့် ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ ကိုယ်တော်​၏​တရားလမ်း​တော်​ကို​အောက်မေ့​သော​သူ​တို့​အား ကြိုဆိုလက်ခံ​တော်မူ​၏​။ သို့သော် အကျွန်ုပ်​တို့​အပြစ်ပြု​၍ ကိုယ်တော်​အမျက်ထွက်​တော်မူ​၏​။ အဆက်မပြတ်​အပြစ်ပြု​သော​အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​မည်လော​။ 6အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။ 7ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ#64:7 သို့မဟုတ် “အပ်နှံ”။​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။ 8သို့ရာတွင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အဖ​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​တို့​သည် မြေစေး​ဖြစ်​၏​။ ကိုယ်တော်​သည် အိုးထိန်း​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် ကိုယ်တော်​၏​လက်​တော်​ဖြင့် ဖန်ဆင်း​ထား​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။ 9အို ထာဝရဘုရား​၊ ပြင်းစွာ​အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အပြစ်​များ​ကို အစဉ်​မှတ်​တော်​မ​မူ​ပါ​နှင့်​။ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​အားလုံး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ပါ​၏​။ 10ကိုယ်တော်​၏​သန့်ရှင်း​သော​မြို့​တို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဇိအုန်​မြို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​သည် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ​။ 11အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ကိုယ်တော်​ကို​ချီးမွမ်း​ရာ​အရပ်​ဖြစ်​သည့် သန့်ရှင်း​၍ ဂုဏ်ကျက်သရေ​ရှိ#64:11 သို့မဟုတ် “တင့်တယ်”။​သော အကျွန်ုပ်​တို့​၏​အိမ်​တော်​သည် မီးလောင်​သွား​လေ​ပြီ​။ ကျွန်ုပ်​တို့​နှစ်သက်မြတ်နိုး​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီး​သွား​လေ​ပြီ​။ 12ဤသို့​ဖြစ်​လျက်ပင် ကိုယ်တော်​သည် ငြိမ်ငြိမ်နေ​တော်မူ​မည်လော​။ အို ထာဝရဘုရား​၊ တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်လော​။ အကျွန်ုပ်​တို့​ကို ပြင်းစွာ​နှိပ်စက်​တော်မူ​မည်လော​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 64: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ