မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။ မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။ သူ၏လမ်းတို့ကို ငါမြင်ပြီ။ သို့သော် ငါသည် သူ့ကိုကုသ၍ လမ်းပြပေးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူငိုကြွေးမြည်တမ်းသောသူတို့ကိုလည်းကောင်း ပြန်လည်နှစ်သိမ့်ပေးမည်။ နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း 57 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 57
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 57:15-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို