မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။ ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။ ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။ ငါ့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုသောသူသည် အနီးတွင်ရှိ၏။ မည်သူသည် ငါ့ကို ဆန့်ကျင်ဘက်ပြုမည်နည်း။ ငါတို့ အတူတကွ မတ်တတ်ရပ်ကြမည်။ မည်သူသည် ငါနှင့်တရားဆိုင်မည်နည်း။ သူသည် ငါ့ထံသို့လာပါစေ။
ဟေရှာယအနာဂတ္တိကျမ်း 50 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေရှာယအနာဂတ္တိကျမ်း 50
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယအနာဂတ္တိကျမ်း 50:4-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို