YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 1:8-12

ဟေဗြဲဩဝါဒစာ 1:8-12 MSBU

သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။” တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။ ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏။ ထိုအရာ ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို ခြုံထည်​ကဲ့သို့​လိပ်​တော်မူ​သဖြင့် ၎င်း​တို့​သည် ဝတ်ရုံ​ကဲ့သို့​ပြောင်းလဲ​ကြ​လိမ့်မည်။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ။ ကိုယ်တော်​၏​သက်တမ်း​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ”​ဟု မိန့်​တော်မူ​၏။