ယေဇကျေလအနာဂတ္တိကျမ်း 40
40
ဗိမာန်တော်သစ်
1ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။ 2နိမိတ်အာရုံထဲတွင် ဘုရားသခင်က ငါ့ကို အစ္စရေးပြည်သို့ဆောင်သွား၍ အလွန်မြင့်သောတောင်ပေါ်တွင်ချထား၏။ တောင်ဘက်တွင် မြို့နှင့်တူသောအဆောက်အအုံကို တွေ့ရ၏။#ဗျာ 21:2,10။ 3ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။ 4ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
တံတိုင်းတော်နှင့် အပြင်ဝင်းမုခ်ဆောင်
5ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်#40:5 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်#40:5 “21 လက်မ သို့မဟုတ် 52.5 စင်တီမီတာ”။လျှင် လူ့လက်တစ်တောင်#40:5 “18 လက်မ သို့မဟုတ် 45 စင်တီမီတာ”။နှင့်လက်တစ်ဝါး#40:5 “3 လက်မ သို့မဟုတ် 7.5 စင်တီမီတာ”။ရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ#40:5 “126 လက်မ သို့မဟုတ် 315 စင်တီမီတာ”။၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။ 6ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။ 7အခန်းငယ်များသည် တစ်ခန်းလျှင် အလျားကျူချောင်းတစ်ပြန်စာ၊ အနံကျူချောင်းတစ်ပြန်စာရှိ၏။ တစ်ခန်းနှင့်တစ်ခန်း ငါးတောင်#40:7 “105 လက်မ သို့မဟုတ် 262.5 စင်တီမီတာ”။စီကွာ၏။ အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်တံခါးဝရှိတံခါးခုံသည်လည်း ကျူချောင်းတစ်ပြန်စာရှိ၏။ 8ထို့နောက် အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ ကျူချောင်းတစ်ပြန်စာရှိ၏။ 9ထို့နောက် မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ အကျယ်မှာ ရှစ်တောင်#40:9 “168 လက်မ သို့မဟုတ် 420 စင်တီမီတာ”။ရှိ၍ ဆင်ဝင်ရှိတိုင်များ၏ထုမှာ နှစ်တောင်#40:9 “42 လက်မ သို့မဟုတ် 105 စင်တီမီတာ”။စီထူ၏။ မုခ်ဆောင်ဆင်ဝင်သည် အိမ်တော်ဘက်သို့မျက်နှာမူ၏။
10အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။ 11ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်#40:11 “210 လက်မ သို့မဟုတ် 525 စင်တီမီတာ”။ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်#40:11 “273 လက်မ သို့မဟုတ် 682.5 စင်တီမီတာ”။ရှိ၏။ 12တစ်ဖက်တစ်ချက်ရှိ အခန်းငယ်တို့အရှေ့အောက်ခြေတွင် အလျားတစ်တောင်၊ အနံတစ်တောင်ရှိသော အကာရှိ၏။ ထိုအခန်းငယ်တို့သည် အလျားခြောက်တောင်၊ အနံခြောက်တောင်စီရှိ၏။ 13အခန်းပေါက်ချင်းမျက်နှာချင်းဆိုင်နေသော အခန်းငယ်၏ခေါင်မိုးထိပ်မှ အခြားတစ်ဖက်အခန်းငယ်ခေါင်မိုးထိပ်အထိ မုခ်ဆောင်ကိုတိုင်းရာ နှစ်ဆယ့်ငါးတောင်#40:13 “525 လက်မ သို့မဟုတ် 1312.5 စင်တီမီတာ”။ရှိ၏။ 14မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်#40:14 “1260 လက်မ သို့မဟုတ် 3150 စင်တီမီတာ”။စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။ 15မုခ်ဆောင်ဝင်ပေါက်မျက်နှာစာမှ အတွင်းဆင်ဝင်ပေါက်အထိ အတောင်ငါးဆယ်#40:15 “1050 လက်မ သို့မဟုတ် 2625 စင်တီမီတာ”။ရှိ၏။ 16မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
17ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။ 18ကျောက်ခင်းစင်္ကြံသည် မုခ်ဆောင်များ၏ဘေးတစ်လျှောက်တွင်ရှိ၏။ စင်္ကြံ၏အကျယ်မှာ မုခ်ဆောင်၏အရှည်နှင့်တူ၏။ ဤသည်ကား အောက်စင်္ကြံဖြစ်၏။ 19အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာ#40:19 “2100 လက်မ သို့မဟုတ် 5250 စင်တီမီတာ”။ရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
20အပြင်ဝင်းတွင် မြောက်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ရှိ၏။ ထိုမုခ်ဆောင်၏အလျားအနံကိုလည်း တိုင်းတာ၏။ 21မုခ်ဆောင်တစ်ဘက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ တိုင်များနှင့်ဆင်ဝင်သည် ယခင်တိုင်းခဲ့သောမုခ်ဆောင်နှင့် အတူတူဖြစ်၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ 22ပြတင်းပေါက်၊ ဆင်ဝင်နှင့် စွန်ပလွံပင်ပုံတို့သည် ယခင်တိုင်းခဲ့သောအရှေ့မုခ်ဆောင်နှင့် အတူတူဖြစ်၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ 23အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
24ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။ 25ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ 26ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ မုခ်ဆောင်အတွင်းတစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ 27အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
အတွင်းဝင်းမုခ်ဆောင်
28တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။ 29ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ 30ဝင်းပတ်လည်ရှိ မုခ်ဆောင်တို့၏ဆင်ဝင်သည် အလျားနှစ်ဆယ့်ငါးတောင်၊ အနံငါးတောင်စီရှိကြ၏။ 31မုခ်ဆောင်ဆင်ဝင်တို့သည် အပြင်ဝင်းဘက်သို့ မျက်နှာမူ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
32ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။ 33အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ 34ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။ 35တစ်ဖန် ငါ့ကို မြောက်ဘက်မုခ်ဆောင်သို့ ခေါ်ဆောင်သွားပြီး တိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူဖြစ်၏။ 36အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်သည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ ထိုမုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ 37ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
မီးရှို့ရာယဇ်ကောင်များ ပြင်ဆင်ရာအခန်း
38မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။ 39မုခ်ဆောင်ဆင်ဝင်တစ်ဖက်တစ်ချက်တွင် စားပွဲနှစ်လုံးစီရှိ၏။ ထိုစားပွဲပေါ်တွင် မီးရှို့ရာယဇ်ကောင်၊ အပြစ်ဖြေရာယဇ်ကောင်၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်တို့ကို တင်သတ်ကြ၏။ 40မြောက်ဘက်မုခ်ဆောင်တွင် ဆင်ဝင်အပြင်ဘက် မုခ်ဆောင်အဝင်ဝသို့တက်သွားရာ လှေကားတစ်ဖက်တစ်ချက်စီတွင် စားပွဲနှစ်လုံးစီရှိ၏။ 41မုခ်ဆောင်တစ်ဖက်တွင် စားပွဲလေးလုံး၊ အခြားတစ်ဖက်တွင် စားပွဲလေးလုံး စုစုပေါင်းစားပွဲရှစ်လုံးရှိ၏။ ထိုစားပွဲတို့အပေါ်တွင် ယဇ်ကောင်များကိုတင်သတ်၏။ 42မီးရှို့ရာယဇ်အတွက် အလျားတစ်တောင်ခွဲ#40:42 “31.5 လက်မ သို့မဟုတ် 78.75 စင်တီမီတာ”။၊ အနံတစ်တောင်ခွဲ၊ အမြင့်တစ်တောင်ရှိသော ကျောက်ဆစ်စားပွဲလေးလုံးလည်းရှိ၏။ ထိုစားပွဲပေါ်တွင် မီးရှို့ရာယဇ်ကောင်နှင့် ယဇ်ကောင်များကိုသတ်ရာတွင် အသုံးပြုသော လက်နက်ကိရိယာများကို တင်ထား၏။ 43နံရံပတ်ပတ်လည်တွင် လက်တစ်ဝါးစာအရှည်ရှိချိတ်များကို တပ်ထား၏။ ပူဇော်သက္ကာအသားများကို စားပွဲများပေါ်တွင် တင်ထား၏။
သီချင်းသည်နှင့်ယဇ်ပုရောဟိတ်တို့နေရာအခန်းများ
44အတွင်းဝင်းထဲရှိ အတွင်းမုခ်ဆောင်အပြင်ဘက်တွင် သီချင်းသည်တို့နေရာအခန်းများရှိ၏။ တစ်ခန်းမှာ မြောက်မုခ်ဆောင်၌ရှိပြီး တောင်ဘက်သို့မျက်နှာမူထား၏။ နောက်တစ်ခန်းမှာ တောင်#40:44 တိုက်ရိုက်ပြန်ဆိုလျှင် “အရှေ့”။မုခ်ဆောင်တွင်ရှိပြီး မြောက်ဘက်သို့မျက်နှာမူထား၏။ 45သူက ငါ့အား “တောင်ဘက်သို့မျက်နှာမူထားသောအခန်းသည် အိမ်တော်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။ 46မြောက်ဘက်သို့မျက်နှာမူသောအခန်းသည် ယဇ်ပလ္လင်အမှုကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်ဖြစ်၏။ ထိုသူတို့ကား ထာဝရဘုရားအထံတော်သို့ဆည်းကပ်၍ အမှုတော်ထမ်းဆောင်သော လေဝိအမျိုးဇာဒုတ်၏သားများဖြစ်ကြ၏”ဟု ပြောပြ၏။ 47ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။
48ထို့နောက် ငါ့အား အိမ်တော်၏ဆင်ဝင်သို့ခေါ်ဆောင်သွားပြီး ဆင်ဝင်တိုင်ကိုတိုင်းရာ ဆင်ဝင်တစ်ဖက်တွင် ထုငါးတောင်၊ အခြားတစ်ဖက်တွင် ထုငါးတောင်ရှိ၏။ တံခါးပေါက်တစ်ဖက်တွင် ထုသုံးတောင်#40:48 “63 လက်မ သို့မဟုတ် 157.5 စင်တီမီတာ”။၊ အခြားတစ်ဖက်တွင် ထုသုံးတောင်ရှိ၏။ 49ဆင်ဝင်သည် အလျားအတောင်နှစ်ဆယ်#40:49 “420 လက်မ သို့မဟုတ် 1050 စင်တီမီတာ”။၊ အနံတစ်ဆယ့်တစ်တောင်#40:49 “231 လက်မ သို့မဟုတ် 5775 စင်တီမီတာ”။ရှိ၏။ ထိုနေရာသို့ လှေကားထစ်များဖြင့်တက်ရ၏။ ဆင်ဝင်တိုင်ဘေးတစ်ဖက်တစ်ချက်စီတွင် တိုင်လုံးကြီးရှိ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 40: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative