ထွက်မြောက်ရာကျမ်း 38
38
မီးရှို့ရာယဇ်ပလ္လင်တည်ခြင်း
1မီးရှို့ရာယဇ်ပလ္လင်ကိုအကေရှား#38:1 “ထနောင်းမျိုး”။သစ်သားဖြင့် လုပ်ထား၏။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင်#38:1 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင်#38:1 “54 လက်မ သို့မဟုတ် 135 စင်တီမီတာ”။ရှိ၏။ 2ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံ၏။
3အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်း စသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်၏။ 4ယဇ်ပလ္လင်၏အောက်ဘက်အလယ်နားတွင် အစွန်းထွက်နေသောနေရာ၏အောက်၌ထားရမည့် ကြေးနီစကာမီးကျီးခံပြားကိုလုပ်၏။ 5ထမ်းပိုးများလျှိုစရာကွင်းလေးကွင်းကို ကြေးနီမီးကျီးခံပြားထောင့်လေးထောင့်တွင် သွန်းလုပ်တပ်ဆင်၏။ 6ထမ်းပိုးများကို အကေရှား#38:6 “ထနောင်းမျိုး”။သစ်သားဖြင့်လုပ်၍ ကြေးနီဖြင့်မွမ်းမံ၏။ 7ယဇ်ပလ္လင်ကိုထမ်းရန် ယဇ်ပလ္လင်၏ဘေးတစ်ဖက်တစ်ချက်၌ရှိသောကွင်းများထဲသို့ ထမ်းပိုးတို့ကိုလျှိုသွင်းထား၏။ ယဇ်ပလ္လင်ကို ပျဉ်ပြားများဖြင့် အခေါင်းပေါက်ဖြစ်အောင်လုပ်၏။
ကြေးနီအင်တုံသွန်းလုပ်ခြင်း
8ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
တဲတော်ဝင်းဆောက်လုပ်ခြင်း
9ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်၏။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာ#38:9 “1800 လက်မ သို့မဟုတ် 4500 စင်တီမီတာ”။ရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်၏။ 10ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်၏။ 11မြောက်ဘက်ခြမ်းအတွက် အလျားအတောင်တစ်ရာရှည်သောအကာကိုလုပ်၏။ ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ထား၏။ 12အနောက်ဘက်ခြမ်းအတွက် အတောင်ငါးဆယ်#38:12 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။ရှိသောအကာနှင့်တကွ အကာအတွက် တိုင်ဆယ်တိုင်၊ တိုင်အောက်ခံအစွပ်ဆယ်ခုလုပ်၏။ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လုပ်ထား၏။ 13နေထွက်ရာအရပ် ဝင်းအရှေ့ဘက်ခြမ်းသည် အတောင်ငါးဆယ်ရှိ၍ 14ဝင်းအဝင်ဝတစ်ဘက်၌ တစ်ဆယ့်ငါးတောင်#38:14 “270 လက်မ သို့မဟုတ် 675 စင်တီမီတာ”။ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု၊ 15ကျန်တစ်ဘက်၌လည်း တစ်ဆယ့်ငါးတောင်ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခုလုပ်၏။ 16ဝင်းပတ်ပတ်လည်၏အကာရှိသမျှကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်၏။ 17တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်၏။ တိုင်ထိပ်ကို ငွေဖြင့်မွမ်းမံ၏။ ဝင်းတိုင်အားလုံး၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်၏။
18ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်#38:18 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။ 19ဝင်းတံခါးအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံကြေးနီအစွပ်လေးခုနှင့် ငွေချိတ်ကိုလုပ်၏။ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်မွမ်းမံ၏။ 20ကိန်းဝပ်တော်မူရာတဲတော်နှင့် ဝင်းပတ်ပတ်လည်အတွက် ငုတ်တိုင်အားလုံးကို ကြေးနီဖြင့်လုပ်၏။
တဲတော်ပစ္စည်းစာရင်း
21မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။ 22မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအရာအားလုံးကို ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလသည် လုပ်၏။ 23ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သားအဟောလျဘသည်လည်း သူနှင့်အတူ လုပ်၏။ အဟောလျဘသည် လက်မှုအတတ်၊ ပုံဖော်သောအတတ်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးသောအတတ်တို့ကို ကျွမ်းကျင်သူဖြစ်၏။
24သန့်ရှင်းရာဌာနတော်တည်ဆောက်ခြင်းအမှုရှိသမျှတို့တွင် အသုံးပြုသောရွှေချိန်စုစုပေါင်းမှာ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ချီလွှဲရာပူဇော်သက္ကာရွှေ နှစ်ဆယ့်ကိုးတာလန်#38:24 “638 ပိဿာ သို့မဟုတ် 986 ကီလိုဂရမ်”။ ခုနစ်ရာ့သုံးဆယ်ရှယ်ကယ်#38:24 “5.5 ပိဿာ သို့မဟုတ် 8.4 ကီလိုဂရမ်”။ ရှိ၏။ 25စာရင်းဝင်သောလူထုတို့ ပေးလှူသောငွေသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ရာတာလန်#38:25 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။ တစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်#38:25 “13.3 ပိဿာ သို့မဟုတ် 20.4 ကီလိုဂရမ်”။ဖြစ်၏။ 26အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်#38:26 “0.375 ကျပ်သား သို့မဟုတ် 5.75 ဂရမ်”။ဖြစ်သော တစ်ဗေကာ#38:26 “5 ပဲသား သို့မဟုတ် 5.7 ဂရမ်”။ကို ပေးဆောင်ကြ၏။ 27ငွေတာလန်တစ်ရာဖြင့် သန့်ရှင်းရာဌာနအတွက် အောက်ခံအစွပ်များနှင့် ကန့်လန့်ကာအတွက် အောက်ခံအစွပ်များကို သွန်းလုပ်၏။ အောက်ခံအစွပ်တစ်ခုလျှင် တစ်တာလန်#38:27 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။၊ အောက်ခံအစွပ်တစ်ရာအတွက် တာလန်တစ်ရာဖြစ်၏။ 28ကျန်ငွေတစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်#38:28 “13.3 ပိဿာ သို့မဟုတ် 20.4 ကီလိုဂရမ်”။ဖြင့် တိုင်၏ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကိုလုပ်၍ တိုင်ထိပ်ကိုမွမ်းမံ၏။
29ချီလွှဲရာပူဇော်သက္ကာကြေးနီသည်လည်း ခုနစ်ဆယ်တာလန်#38:29 “1547 ပိဿာ သို့မဟုတ် 2380 ကီလိုဂရမ်”။ နှစ်ထောင့်လေးရာရှယ်ကယ်#38:29 “18 ပိဿာ သို့မဟုတ် 27.6 ကီလိုဂရမ်”။ဖြစ်၏။ 30ထိုကြေးနီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကြေးနီယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြားကိုလည်းကောင်း၊ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ 31ဝင်းပတ်ပတ်လည်အတွက် အောက်ခံအစွပ်နှင့် ဝင်းတံခါးအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏ငုတ်တိုင်ရှိသမျှနှင့် ဝင်းပတ်ပတ်လည်၏ငုတ်တိုင်ရှိသမျှကိုလည်းကောင်း လုပ်၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက်ရာကျမ်း 38: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative