YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 2:11-12

ထွက်မြောက်ရာကျမ်း 2:11-12 MSBU

မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင် သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။