YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 19:16-20

ထွက်မြောက်ရာကျမ်း 19:16-20 MSBU

တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ မောရှေ​သည်​လည်း လူ​တို့​ကို ဘုရားသခင်​နှင့်​တွေ့ဆုံ​စေရန် စခန်း​ထဲမှ ခေါ်ထုတ်​လာ​သဖြင့် သူ​တို့​သည် တောင်​ခြေ​၌​ရပ်​နေ​ကြ​၏​။ ထာဝရဘုရား​သည် သိနာ​တောင်​ပေါ်သို့ မီး​ဖြင့်​ကြွဆင်း​တော်မူ​သောကြောင့် တစ်တောင်လုံး​မီးခိုး​ထွက်​လေ​၏​။ မီးခိုး​သည် မီးပြင်းဖို​၏​မီးခိုး​ကဲ့သို့​တက်​၏​။ တောင်​တစ်တောင်လုံး​သည်​လည်း ပြင်းထန်​စွာ​တုန်လှုပ်​လေ​၏​။ တံပိုးမှုတ်သံ​သည် ပို၍​ပို၍​ကျယ်လာ​သောအခါ မောရှေ​မေးလျှောက်​၍ ဘုရားသခင်​သည် အသံ​ဖြင့် ဖြေကြား​တော်မူ​၏​။ ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။