YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 16:2-8

ထွက်မြောက်ရာကျမ်း 16:2-8 MSBU

ထို​တောကန္တာရ​ထဲ၌ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​တို့​ထံသို့​လာ​၍ အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် သင်​တို့​အတွက် မုန့်​ကို မိုးကောင်းကင်​မှ​ရွာကျ​စေ​မည်​။ လူ​တို့​သည် ထွက်​၍ တစ်နေ့​စာ​တစ်နေ့​ကောက်ယူ​ကြ​ရ​မည်​။ ဤသို့သော​အားဖြင့် ငါ​၏​တရားတော်​အတိုင်း သူ​တို့​လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို ငါ​စမ်းသပ်​မည်​။ ဆဋ္ဌမ​နေ့​၌ နေ့စဉ်​ထက် နှစ်ဆ​ကောက်​၍ ယူဆောင်​လာ​ပြီး ပြင်ဆင်​ထား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​အာရုန်​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ကြောင်း​ကို နေဝင်ချိန်​၌ သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ နံနက်အချိန်​၌​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို သင်​တို့​တွေ့မြင်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​အား သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​။ ငါ​တို့​ကား မည်သူ​ဖြစ်၍ ငါ​တို့​ကို ညည်းညူ​ပြ​ရ​သနည်း​”​ဟု ဆို​လေ​၏​။ တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။

​ထွက်မြောက်ရာကျမ်း 16:2-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။