ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။ မာရအရပ်သို့ရောက်သောအခါ မာရအရပ်မှရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထို့ကြောင့် ထိုအရပ်၏အမည်ကို မာရ ဟုခေါ်၏။ ထိုအခါ အစ္စရေးလူမျိုးတို့က မောရှေအား “အကျွန်ုပ်တို့ ဘာသောက်ရမည်နည်း”ဟု ဆိုလျက် ညည်းညူကြ၏။ မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။ ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ဧလိမ်အရပ်သို့ရောက်လာကြ၏။ ထိုအရပ်၌ စမ်းရေတွင်းတစ်ဆယ့်နှစ်တွင်းနှင့်တကွ စွန်ပလွံပင်ခုနစ်ဆယ်ရှိ၏။ သူတို့သည် ထိုအရပ်တွင် ရေနှင့်နီးသောနေရာ၌ စခန်းချကြလေ၏။
ထွက်မြောက်ရာကျမ်း 15 ကိုဖတ်ပါ။
နားထောင်ပါ။ ထွက်မြောက်ရာကျမ်း 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာကျမ်း 15:22-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ