YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 15:13-16

ထွက်မြောက်ရာကျမ်း 15:13-16 MSBU

ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​လူမျိုး​ကို မေတ္တာကရုဏာ​တော်​ဖြင့် ပို့ဆောင်​တော်မူ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​စံမြန်း​ရာ​အရပ်​သို့ အစွမ်းတန်ခိုး​တော်​ဖြင့် လမ်းပြ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည်​ကြား​၍ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်သား​တို့​သည် ဝေဒနာ​ကို​မချိမဆံ့ ခံစား​ရ​လိမ့်မည်​။ ဧဒုံ​အမျိုးအနွယ်​သူကြီး​တို့​သည်​လည်း ထိတ်လန့်​ကြ​လိမ့်မည်​။ မောဘ​လူမျိုး​အကြီးအကဲ​တို့​သည် ထိတ်လန့်တုန်လှုပ်​ခြင်း​နှင့် ကြုံတွေ့​ရ​လိမ့်မည်​။ ခါနာန်​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​လိမ့်မည်​။ ကြောက်ရွံ့​ထိတ်လန့်ဖွယ်ဘေး​တို့​သည် သူ​တို့​အပေါ်​သို့​ကျရောက်​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​တို့​ကျော်လွန်​သွား​သည်​အထိ​၊ ကိုယ်တော်​ဝယ်ယူ​တော်မူ​သော​လူမျိုး​တော်​တို့ ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​ကြီးမား​သော​လက်ရုံး​တော်​ကြောင့် သူ​တို့​သည် ကျောက်တုံး​ကဲ့သို့ တိတ်ဆိတ်​နေ​ကြ​လိမ့်မည်​။