YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 13:17-22

ထွက်မြောက်ရာကျမ်း 13:17-22 MSBU

အစ္စရေး​လူမျိုး​တို့​ကို ဖာရော​မင်းကြီး​လွှတ်ပေး​သောအခါ ဘုရားသခင်​က “ဤ​လူမျိုး​သည် စစ်မှု​နှင့်​တွေ့​လျှင် စိတ်ပြောင်းသွား​၍ အီဂျစ်​ပြည်​သို့ ပြန်သွား​လိမ့်မည်”​ဟု ဆို​ပြီး ဖိလိတ္တိ​ပြည်​ဘက်​သွား​သော​လမ်း​သည် နီး​သော်လည်း သူ​တို့​အား ထို​လမ်း​ဖြင့်​ပို့ဆောင်​တော်​မ​မူ​ပေ​။ ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။ မောရှေ​သည် ယောသပ်​၏​အရိုး​များ​ကို မိမိ​နှင့်အတူ ယူဆောင်​သွား​၏​။ အကြောင်းမူကား ယောသပ်​က အစ္စရေး​အမျိုးသား​တို့​အား “​ဘုရားသခင်​သည် သင်​တို့​ကို အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ ငါ​၏​အရိုး​တို့​ကို သင်​တို့​နှင့်အတူ ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် ကြပ်ကြပ်​ကျိန်ဆို​စေ​ခဲ့​သောကြောင့်​ဖြစ်​၏​။ သူ​တို့​သည် သုကုတ်​အရပ်​မှ ထွက်လာ​၍ တောကန္တာရ​အစွန်း​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။ နေ့အချိန်​၌​ဖြစ်စေ​၊ ညအချိန်​၌​ဖြစ်စေ ခရီးသွား​နိုင်​မည့်​အကြောင်း ထာဝရဘုရား​သည် လမ်းခရီး​တွင် သူ​တို့​ကို​ပို့ဆောင်​ရန် နေ့အချိန်​၌ မိုးတိမ်​တိုင်​အဖြစ်​လည်းကောင်း​၊ ညအချိန်​၌ သူ​တို့​ကို​အလင်းပေး​ရန် မီး​တိုင်​အဖြစ်​လည်းကောင်း သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​၏​။ နေ့အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​ကို လူ​တို့​၏​ရှေ့​မှ ရုပ်သိမ်း​တော်​မ​မူ​ပေ​။