YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 6:13-18

ဧဖက်ဩဝါဒစာ 6:13-18 MSBU

ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။ သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။ ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။ ကယ်တင်​ခြင်း​သံခမောက်​နှင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​တည်းဟူသော ဝိညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။ အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။

​ဧဖက်ဩဝါဒစာ 6:13-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။