YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 1

1
ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏
1ဂျေရုဆလင်​မြို့​၌​စိုးစံ​သော​ရှင်ဘုရင်​၊ ဒါဝိဒ်​၏​သား​တော်​၊ ဒေသနာဆရာ​၏​စကား​များ​။ 2အချည်းနှီး​၊ အချည်းနှီး​ဟု ဒေသနာဆရာ​ဆို​၏​။ အချည်းနှီး​၊ အချည်းနှီး​၊ ခပ်သိမ်း​သော​အရာ​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။ 3လူ​သည် နေ​အောက်​တွင် သူ​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​တို့​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။ 4မျိုးဆက်​တစ်​ဆက်​လွန်သွား​၍ မျိုးဆက်​တစ်​ဆက်​ပေါ်လာ​၏​။ သို့သော် ကမ္ဘာမြေကြီး​သည် အစဉ်အမြဲ​တည်​နေ​၏​။ 5နေ​ထွက်လာ​၍ နေ​ဝင်သွား​၏​။ ထို့နောက် ထွက်လာ​ရာ​သူ့​နေရာ​သို့ လျင်မြန်​စွာ​ပြန်သွား​၏​။ 6လေ​သည် တောင်ဘက်​သို့​တိုက်​ပြီးလျှင် မြောက်ဘက်​သို့​ပြန်လှည့်​တတ်​၏​။ လေ​သည် လှည့်​၍​လှည့်​၍​တိုက်​ပြီးလျှင် မိမိ​ပတ်လမ်းကြောင်း​အတိုင်း​ပြန်လှည့်​လာ​တတ်​၏​။ 7မြစ်​အားလုံး​သည် ပင်လယ်​ထဲသို့​စီးဆင်း​ကြ​၏​။ သို့ရာတွင် ပင်လယ်​သည် မည်သည့်​အခါ​မျှ မ​ပြည့်​တတ်​။ မြစ်​တို့​သည် မိမိ​တို့​စီးဆင်း​လာ​ရာ​အရပ်​သို့ ပြန်သွား​၍ တစ်ဖန်​စီးဆင်း​တတ်​၏​။ 8ခပ်သိမ်း​သော​အရာ​တို့​သည် မ​ပြောပြ​နိုင်​အောင် ပင်ပန်း​ငြီးငွေ့​ဖွယ်​ကောင်း​၏​။ မျက်စိ​သည် ကြည့်​၍​ဝ​သည်​ဟူ၍​မ​ရှိ​။ နား​သည်​လည်း နားထောင်​၍​အလို​ပြည့်ဝ​သည်​ဟူ၍​မ​ရှိ​။ 9ဖြစ်​ပြီး​သော​အရာ​သည် တစ်ဖန်​ပြန်​ဖြစ်လာ​လိမ့်မည်​။ ပြု​ပြီး​သော​အရာ​ကို​လည်း တစ်ဖန်​ပြန်​၍​ပြု​လိမ့်မည်​။ နေ​အောက်​တွင် အသစ်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​။ 10ကြည့်ရှု​လော့​။ ဤ​အရာ​သည် အသစ်​ဖြစ်​၏​ဟု ဆို​နိုင်​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော​။ ထို​အရာ​သည် ရှေး​က ဖြစ်​ခဲ့​ပြီး​သော​အရာ​၊ ငါ​တို့​မ​ရှိ​မီ​က​ဖြစ်​ခဲ့​ပြီး​သော​အရာ​ဖြစ်​၏​။ 11ယခင်​က​အရာ​တို့​ကို မှတ်မိ​ခြင်း​မ​ရှိ​။ နောင်​ဖြစ်​မည့်​အရာ​တို့​ကို​လည်း ၎င်း​တို့​၏​နောက်​တွင် ပေါ်လာ​မည့်​သူ​တို့​သည် မှတ်မိ​ကြ​လိမ့်မည်​မ​ဟုတ်​။
ဉာဏ်ပညာ၏ကန့်သတ်မှု
12ငါ​ဒေသနာဆရာ​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​သော​ရှင်ဘုရင်​ဖြစ်​၏​။ 13ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။ 14နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ 15ကောက်​သော​အရာ​ကို မ​ဖြောင့်​စေ​နိုင်​။ လို​နေ​သော​အရာ​ကို​လည်း မ​ရေတွက်​နိုင်​။
16“​ကြည့်ရှု​လော့​။ ငါ​သည် ငါ့​ထက်​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​ခဲ့​သော​သူ​အားလုံး​တို့​ထက်​ကြီးမြတ်​၍ ဉာဏ်ပညာ​အရာ​၌​လည်း​တိုးပွား​၏​။ ငါ​၏​စိတ်နှလုံး​သည်​လည်း များစွာ​သော​ဉာဏ်ပညာ​နှင့် အသိပညာ​တို့​ကို​မြင်တွေ့​ပြီ​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။ 17တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။ 18အကြောင်းမူကား ဉာဏ်ပညာ​များပြား​သောအခါ ပူဆွေး​ခြင်း​လည်း များပြား​၏​။ အသိပညာ​တိုးပွား​သောအခါ ဒုက္ခဝေဒနာ​လည်း တိုးပွား​၏​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။