YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 28:6-13

တရားဟောရာကျမ်း 28:6-13 MSBU

သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကောင်းချီးခံစား​ရ​မည်​။ ထာဝရဘုရား​သည် သင့်​ကို​ပုန်ကန်ထကြွ​သော​ရန်သူ​တို့​ကို သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​။ သူ​တို့​သည် သင့်​ထံသို့ လမ်း​တစ်လမ်းတည်း​ဖြင့် လာ​ကြ​သော်လည်း သင့်​ထံမှ လမ်း​ခုနစ်​သွယ်​ဖြင့် ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​၏​ကျီ​၌​လည်းကောင်း​၊ သင်​လုပ်ဆောင်​လေရာရာ​၌​လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်​စေ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​ကောင်းချီးခံစား​ရ​မည်​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​လျှင် သင့်​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို မိမိ​အဖို့ သန့်ရှင်း​သော​လူမျိုး​အဖြစ် တည်​စေ​တော်မူ​မည်​။ သင့်​အပေါ် ထာဝရဘုရား​၏​နာမ​တော်​တည်​ကြောင်း မြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​သည် သိမြင်​၍ သင့်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် ကြွယ်ဝ​သော​မိုးကောင်းကင်​ဘဏ္ဍာတိုက်​ကို ဖွင့်ပေး​တော်မူ​ပြီး သင်​၏​ပြည်​၌ မိုး​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​၍ သင်​လုပ်ဆောင်​လေရာရာ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ပေး​ရ​မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။