YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 1:15-19

ကောလောသဲဩဝါဒစာ 1:15-19 MSBU

သား​တော်​သည် မ​မြင်ရ​သော​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်ဆင်း​တော်မူ​သော​အရာ​အားလုံး​တို့​တွင် သားဦး​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မြင်​ရ​သည့်​အရာ​နှင့်​မ​မြင်ရ​သည့်​အရာ​များ၊ ရာဇပလ္လင်​များ​ဖြစ်စေ၊ စိုးပိုင်ခွင့်​များ​ဖြစ်စေ၊ အုပ်ချုပ်မှု​များ​ဖြစ်စေ၊ အာဏာစက်​များ​ဖြစ်စေ သား​တော်​အားဖြင့် ဖန်ဆင်း​ခြင်း​ခံရ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သား​တော်​အားဖြင့်​လည်းကောင်း၊ သား​တော်​အတွက်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏။ သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။ ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် ခပ်သိမ်း​သော​ပြည့်စုံ​ခြင်း​ကို သား​တော်​၌ ကိန်းဝပ်​စေရန်​လည်းကောင်း၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။