YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 8

8
စတုတ္ထစိတ်အာရုံ နွေရာသီသီးနှံထည့်ထားသောတောင်း
1တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​တစ်​လုံး​ကို ငါ​မြင်​၏​။ 2ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ 3“ထို​နေ့​တွင် ဗိမာန်တော်​ထဲမှ သီချင်းသံ​တို့​သည် ညည်းတွားငိုကြွေးသံ ဖြစ်​ရ​လိမ့်မည်​။ အလောင်းကောင်​တို့​သည် နေရာ​တိုင်း​တွင် တိတ်တဆိတ်​လွှင့်ပစ်​ခြင်း ခံရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 4နွမ်းပါး​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ပြီး တိုင်းပြည်​ရှိ​ဆင်းရဲသား​တို့​ကို ဖယ်ရှား​ပစ်​သော​သူ​တို့​၊ နားထောင်​ကြ​လော့​။ 5သင်​တို့​က “လဆန်းပွဲနေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ငါ​တို့ စားနပ်ရိက္ခာ​ရောင်း​လို​လှ​ပြီ​။ ဥပုသ်နေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ဂျုံစပါး​ဈေး ဖွင့်​လို​လှ​ပြီ​။ ဧဖာ#8:5 “22 လီတာ”။​တောင်း​ငယ်​၊ ရှယ်ကယ်#8:5 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။​အလေးကြီး​နှင့် ချိန်ခွင်လျှာ​ကို ကိုယ့်ဘက်သာအောင် လုပ်​ကြ​မည်​။ 6ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။
7ထာဝရဘုရား​သည် ယာကုပ်​၏​မာန​ကြောင့် ဤသို့ ကျိန်ဆို​တော်မူ​ပြီ​။ “သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ ဘယ်တော့မှ​မ​မေ့​။ 8ထို​အကြောင်း​ကြောင့် ပြည်​သည် ထိတ်လန့်တုန်လှုပ်​၍ ပြည်သား​တို့​လည်း ငိုကြွေးမြည်တမ်း​ရ​မည် မ​ဟုတ်​လော​။ တစ်ပြည်လုံး​သည် နိုင်း​မြစ်​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ လှုပ်ခါ​၍ ပြန်​ဆုတ်သွား​လိမ့်မည် မ​ဟုတ်​လော​။ 9ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။ 10ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 11ဘုရားရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​သည် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​မည့်​အချိန် ရောက်လာ​မည်​။ ထို​ဘေး​သည် အစာ​ငတ်​သော​ဘေး​၊ ရေ​ငတ်​သော​ဘေး မ​ဟုတ်​။ ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို မ​ကြား​ရ​သော ငတ်မွတ်​ခြင်း​ဘေး ဖြစ်​လိမ့်မည်​။ 12လူ​တို့​သည် ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို ပင်လယ်​တစ်​ခု​မှ ပင်လယ်​တစ်​ခု​သို့​၊ မြောက်အရပ်​မှ အရှေ့​အရပ်​သို့ လှည့်လည်​သွားလာ​၍ ရှာဖွေ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ 13ထို​နေ့ရက်​တွင် လှပ​သော​အပျိုကညာ​များ​နှင့် လူပျို​များ ရေငတ်​သောကြောင့် အားယုတ်​ကြ​လိမ့်မည်​။ 14‘အို ဒန်​၊ သင်​၏​ဘုရား​အသက်ရှင်​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း​၊ ‘ဗေရရှေဘ​ကျင့်စဉ်​တို့ ရှင်သန်​နေ​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း ရှမာရိ​အပြစ်​ကို​တိုင်တည်ကျိန်ဆို​တတ်​သော​သူ​တို့​သည် နောက်တစ်ဖန် ပြန်​မ​ထ​နိုင်​အောင် ကျဆုံး​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

အာမုတ်အနာဂတ္တိကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ