YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 6:1-7

တမန်တော်ဝတ္ထု 6:1-7 MSBU

ထို​နေ့ရက်​များ​၌ တပည့်​တော်​များ​တိုးပွား​လာ​ရာ ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​က မိမိ​တို့​ထဲမှ​မုဆိုးမ​များ​သည် နေ့စဉ်​ထောက်ပံ့​ခြင်း​အမှု​တွင် လျစ်လျူရှု​ခံရ​သည်​ဟု ဟေဗြဲ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​အပေါ် အပြစ်တင်​ပြောဆို​ကြ​၏။ ထိုအခါ တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​သည် တပည့်​တော်​အစုအဝေး​ကို​ခေါ်​ပြီးလျှင် “ငါ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ပစ်​ထား​၍ ကျွေးမွေး​ခြင်း​အမှု​ကို​မ​ဆောင်ရွက်​သင့်​ပေ။ ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။ ငါ​တို့​မူကား ဆုတောင်း​ခြင်း​နှင့် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​မည်”​ဟု ဆို​ကြ​၏။ ထို​စကား​ကို အစုအဝေး​တစ်ခုလုံး​နှစ်သက်​သဖြင့် သူ​တို့​သည် ယုံကြည်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​သော သတေဖန်​မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် အန္တိအုတ်​မြို့​မှ​ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ နိကောလ​တို့​ကို ရွေးကောက်​ပြီး သူ​တို့​ကို တမန်တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထိုအခါ တမန်တော်​တို့​သည် ဆုတောင်း​လျက် သူ​တို့​အပေါ်​လက်​တင်​ကြ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။