YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 3:6-10

တမန်တော်ဝတ္ထု 3:6-10 MSBU

ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက် ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့် သူ​သည် ထခုန်​လျက်​မတ်တတ်​ရပ်​ကာ လမ်းလျှောက်​လေ​၏။ ထို့နောက် လမ်းလျှောက်​လျက်၊ ခုန်ပေါက်​လျက်၊ ဘုရားသခင်​ကို​ချီးမွမ်း​လျက် တမန်တော်​တို့​နှင့်အတူ ဗိမာန်​တော်​ထဲသို့​ဝင်​လေ​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် လမ်းလျှောက်​လျက် ဘုရားသခင်​ကို​ချီးမွမ်း​နေ​သော ထို​သူ​ကို​မြင်​၍ သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။