YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 21:37-40

တမန်တော်ဝတ္ထု 21:37-40 MSBU

သူ့​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​မည်​ပြု​စဉ်တွင် ပေါလု​သည် တပ်မှူးကြီး​အား “သင်​နှင့်​အနည်းငယ် အကျွန်ုပ်​စကား​ပြော​ခွင့်​ရ​မည်လော”​ဟု ဆို​၏။ တပ်မှူးကြီး​က​လည်း “သင်​သည် ဂရိ​စကား​ကို​ပြော​တတ်​သလော။ သို့ဖြစ်လျှင် သင်​သည် ဤ​နေ့​များ​မတိုင်မီ​က ပုန်ကန်​ထကြွ​လျက် အကြမ်းဖက်သမား​လေးထောင်​ကို တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​သည့် အီဂျစ်​အမျိုးသား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။ ပေါလု​က​လည်း “အကျွန်ုပ်​သည် ဂျူး​လူမျိုး​ဖြစ်​ပြီး ဆီလီဆီးယား​ပြည်​၏​ထင်ရှား​သော​မြို့​ဖြစ်​သည့် တာရှု​မြို့​မှ​လာ​သော ပြည်သား​တစ်​ယောက်​ဖြစ်​ပါ​သည်။ လူ​တို့​အား စကား​ပြော​ခွင့်ပြု​ရန် သင့်​ကို အကျွန်ုပ်​တောင်းပန်​ပါ​သည်”​ဟု ဆို​လေ​၏။ တပ်မှူးကြီး​က​လည်း ခွင့်ပြု​သဖြင့် ပေါလု​သည် လှေကား​ပေါ်တွင်​ရပ်​လျက် လူ​တို့​အား လက်ရိပ်​ပြ​ရာ အလွန်​တိတ်ဆိတ်​သွား​လေ​၏။ ထိုအခါ သူ​သည် ဟေဗြဲ​ဘာသာစကား​ဖြင့် ပြောကြား​လျက်