YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 19:1-7

တမန်တော်ဝတ္ထု 19:1-7 MSBU

အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့် “သင်​တို့​ယုံကြည်​ကြ​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သလော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေကြား​ကြ​၏။ ပေါလု​က​လည်း “သို့ဖြစ်လျှင် မည်သည့်​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​သနည်း”​ဟု မေး​လျှင် သူ​တို့​က “ယောဟန်​၏​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေကြား​ကြ​၏။ ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​၏။ ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။ ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။