YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 1:9-11

တမန်တော်ဝတ္ထု 1:9-11 MSBU

ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​ကြည့်ရှု​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် အထက်သို့​ချီဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ မိုးတိမ်​သည် ကိုယ်တော်​ကို သူ​တို့​မြင်ကွင်း​မှ​ဆောင်ယူ​သွား​လေ​၏။ ထိုသို့ ကိုယ်တော်​တက်သွား​တော်မူ​စဉ် သူ​တို့​သည် ကောင်းကင်​သို့ စေ့စေ့​ကြည့်​နေ​ကြ​ရာ ဖြူဖွေး​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အနီး​၌​ရပ်​၍ “ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။