YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 1:15-20

တမန်တော်ဝတ္ထု 1:15-20 MSBU

ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍ “ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။ အကြောင်းမူကား ယုဒ​သည် ငါ​တို့​ထဲ၌​ထည့်သွင်း​ရေတွက်​ခြင်း​ခံရ​ပြီး ဤ​အမှု​တော်​လုပ်ငန်း​တွင် ပါဝင်​ခွင့်​ကို​ရရှိ​ခဲ့​၏။ သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။ ထို​အကြောင်း​ကို ဂျေရုဆလင်​မြို့​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိမိ​တို့​ဘာသာစကား​ဖြင့် အကေလဒမ​ဟု​ခေါ်ဆို​ကြ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ၍​ဖြစ်​၏။ အမှန်စင်စစ် ဆာလံ​ကျမ်း​၌ ‘သူ​၏​နေရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ။ ထို​အရပ်​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်။ သူ​၏​အရိုက်အရာ​ကို​လည်း အခြား​သူ​ယူ​ပါစေ’​ဟု ရေး​ထား​၏။