YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:8-12

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:8-12 MSBU

ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။ ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။ ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။ ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။ ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။