YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:3-8

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 1:3-8 MSBU

ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။ သို့ဖြစ်၍ သင်​တို့​ခံရ​သော ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိသမျှ​တို့​၌​ထင်ရှား​သော သင်​တို့​၏​သည်းခံ​ခြင်း​နှင့် ယုံကြည်​ခြင်း​တို့​အတွက် ငါ​တို့​ကိုယ်တိုင် ဘုရားသခင်​၏​အသင်းတော်​များ​တွင် သင်​တို့​အကြောင်း​ကို ဝါကြွား​ကြ​၏။ ဤသည်ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သင်​တို့​ကို ထို​နိုင်ငံ​တော်​နှင့်​ထိုက်တန်​သော​သူ​ဖြစ်​စေရန် စီရင်​တော်မူ​သော ဘုရားသခင်​၏​ဖြောင့်မတ်​သည့်​တရား​စီရင်​ခြင်း​ကို ထင်ရှား​စေ​သော​အထောက်အထား​ဖြစ်​၏။ သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သော​သင်​တို့​အား ငါ​တို့​နှင့်အတူ​သက်သာ​ခွင့်​ကို​လည်းကောင်း ပြန်​၍​ခံစား​စေ​မည့်​အမှု​သည် ဘုရားသခင်​ရှေ့​တော်​၌ အမှန်​ပင်​တရားမျှတ​သော​အမှု​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။