သို့သော် ချစ်ရသောသူတို့၊ ထာဝရဘုရားအတွက် နေ့ရက်တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ဟူသောအချက်တစ်ခုကို မမေ့လျော့ကြနှင့်။ နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။ သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။ ဤအရာအားလုံးတို့သည် ထိုသို့ပျက်သုဉ်းသွားမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများဖြစ်သင့်သနည်း။ သင်တို့သည် သန့်ရှင်းစွာအသက်ရှင်နေထိုင်လျက် ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် ဘုရားသခင်၏နေ့ရက်ကိုစောင့်မျှော်၍ ထိုနေ့ရက်၏ရောက်ရှိလာခြင်းကို လျင်မြန်စေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် လောင်မြိုက်ခြင်းခံရလျက် ပျက်သုဉ်းသွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သောအပူရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မည်။ သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားကိန်းဝပ်ရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုစောင့်မျှော်နေကြ၏။ သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။ ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။
ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:8-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ