YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 5:16-21

ကောရိန္သုဩဝါဒစာဒုတိယစောင် 5:16-21 MSBU

ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။ သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။ ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။ ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။ ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။ ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။