YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 3

3
ဗိမာန်တော်တည်ဆောက်ခြင်း
1ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မောရိ​တောင်​ပေါ်​၊ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ထံ ထာဝရဘုရား​ထင်ရှား​တော်မူ​ရာ​နေရာ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ ထို​နေရာ​သည် ယေဗုသိ​လူမျိုး​ဩရနန်#3:1 “အရော​န” (၅ရာ 21:15)။​၏​ကောက်နယ်တလင်း​တွင် အိမ်​တော်​တည်ဆောက်​ဖို့ ဒါဝိဒ်​မင်းကြီး​ပြင်ဆင်​ထား​သော​နေရာ​ဖြစ်​၏​။ 2ရှောလမုန်​မင်းကြီး​နန်းစံ လေး​နှစ်​မြောက်​၊ ဒုတိယ​လ​၊ ဒုတိယ​နေ့​တွင် အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ 3ရှောလမုန်​မင်းကြီး​တည်ဆောက်​သော ဘုရားသခင်​၏​အိမ်​တော်​အုတ်မြစ်​မှာ ရှေးခေတ်​တိုင်းထွာနည်း​အရ အလျား အတောင်​ခြောက်ဆယ်#3:3 “1080 လက်မ သို့မဟုတ် 2700 စင်တီမီတာ”။​၊ အနံ အတောင်​နှစ်ဆယ်#3:3 “360 လက်မ သို့မဟုတ် 900 စင်တီမီတာ”။​ရှိ​၏​။ 4အိမ်​တော်​မျက်နှာစာ​ရှိ​ဆင်ဝင်​၏​အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အမြင့်​မှာ အတောင်​တစ်ရာ့​နှစ်ဆယ်#3:4 “2160 လက်မ သို့မဟုတ် 5400 စင်တီမီတာ”။​ရှိ​၏​။ ဆင်ဝင်​အတွင်းပိုင်း​ကို ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ 5ပင်မဆောင်​ကို ထင်းရှူးသား​ဖြင့်​ကာ​ပြီး ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ နံရံ​ပေါ်တွင် စွန်ပလွံပင်ပုံ​များ​၊ ကြိုး​များ​နှင့် အလှဆင်​ထား​၏​။ 6အိမ်​တော်​လှပတင့်တယ်​အောင် အဖိုးတန်​ကျောက်​များ​၊ ပါရဝိမ်​ပြည်​မှ​ရွှေ​များ​ဖြင့် မွမ်းမံ​ထား​၏​။ 7အိမ်​တော်​၏​မျက်နှာကြက်တန်း​များ​၊ တံခါးဘောင်​များ​၊ နံရံ​များ​နှင့် တံခါးရွက်​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​ပြီး နံရံ​များ​ပေါ်တွင် ခေရုဗိမ်#3:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​အရုပ်​များ​ကို ထွင်းထု​ထား​၏​။
အမြင့်ဆုံးသောသန့်ရှင်းရာဌာန
8အသန့်ရှင်းဆုံးဌာန​ကို​ဆောက်လုပ်​ရာ​တွင် အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အနံ​မှာ အတောင်​နှစ်ဆယ်​ရှိ​၍ ရွှေ​စင်​တာလန်​ခြောက်​ရာ#3:8 “13200 ပိဿာ သို့မဟုတ် 20400 ကီလိုဂရမ်”။​ဖြင့် မွမ်းမံ​ထား​၏​။ 9ရွှေ​သံမှို​များ​၏​အလေးချိန်​မှာ ရှယ်ကယ်​ငါးဆယ်#3:9 “37.5 ကျပ်သား သို့မဟုတ် 575 ဂရမ်”။​ရှိ​၏​။ အထက်ခန်း​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​၏​။
10အသန့်ရှင်းဆုံးဌာန​ထဲတွင် ခေရုဗိမ်#3:10 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​နှစ်​ပါး​ကို​ထွင်းထု​ပြီး ရွှေ​နှင့်​မွမ်းမံ​ထားရှိ​၏​။ 11ခေရုဗိမ်#3:11 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​အတောင်ပံ​များ​၏​အလျား​မှာ စုစုပေါင်း​အတောင်​နှစ်ဆယ်​ရှည်​၏​။ အတောင်ပံ​တစ်​ဖက်​သည် ငါး​တောင်​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး နောက်​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ 12နောက်​ခေရုဗိမ်#3:12 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​၏​တောင်ပံ​တစ်ဖက်​သည်​လည်း ငါး​တောင်#3:12 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး ပထမ​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ 13ဖြန့်ထား​သော​ခေရုဗိမ်#3:13 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​၏​အတောင်ပံ​များ​သည် အတောင်​နှစ်ဆယ် အရှည်​ရှိ​၏​။ ခေရုဗိမ်ရုပ်​တို့​သည် ပင်မဆောင်​ဘက်​မျက်နှာမူ​၍ ရပ်​လျက်​နေ​၏​။
14ကန့်လန့်ကာ​ကို​လည်း အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ ကြက်သွေးရောင်​ချည်​နှင့် ချည်ချော​များ​ဖြင့် ရက်လုပ်​၏​။ ထို​ကန့်လန့်ကာ​တွင် ခေရုဗိမ်ရုပ်​များ​ကို ပုံဖော်​ရက်လုပ်​ထား​၏​။
ကြေးတိုင်များ
15အိမ်​တော်​မျက်နှာစာ​တွင် အမြင့်​သုံးဆယ့်​ငါး​တောင်#3:15 “630 လက်မ သို့မဟုတ် 1575 စင်တီမီတာ”။​ရှိ​သော တိုင်​နှစ်​တိုင်​စိုက်ထူ​၍ ထို​တိုင်​တို့​၏​ထိပ်​ရှိ တိုင်ထိပ်အုပ်​မှာ ငါး​တောင်​စီ​မြင့်​၏​။ 16သန့်ရှင်းရာဌာန​တွင်​ရှိ​သော​ကြိုး​ကဲ့သို့ ကြိုး​များ​ကို​ပြုလုပ်​ပြီး တိုင်ထိပ်အုပ်​တွင် ပတ်​ထား​၏​။ သလဲသီးပုံ​အလုံး​တစ်ရာ​ကို​ပြုလုပ်​ပြီး ကြိုး​များ​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ 17တိုင်​နှစ်​တိုင်​ကို ဗိမာန်​တော်​မျက်နှာစာ​တွင် တောင်ဘက်​တစ်​တိုင်​၊ မြောက်ဘက်​တစ်​တိုင် စိုက်ထူ​ထား​၏​။ တောင်ဘက်​ရှိ​တိုင်​ကို ယာခိန် ဟု​အမည်​ပေး​ထား​ပြီး မြောက်ဘက်​ရှိ​တိုင်​ကို ဗောဇ ဟု​အမည်​ပေး​ထား​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ