YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:1-11

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:1-11 MSBU

သို့ရာတွင် ညီအစ်ကို​တို့၊ ထို​အချိန်အခါ​နှင့်​ကာလ​များ​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ အကြောင်းမူကား သူခိုး​သည် ည​အချိန်​၌​လာ​သကဲ့သို့ သခင်​ဘုရား​၏​နေ့ရက်​သည် ရောက်လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင် သေချာ​စွာ​သိ​ကြ​၏။ “ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။ သို့သော် ညီအစ်ကို​တို့၊ သင်​တို့​သည် အမှောင်​ထဲ၌​မ​ရှိ​သောကြောင့် ထို​နေ့ရက်​သည် သူခိုး​ကဲ့သို့ သင်​တို့​ကို အငိုက်ဖမ်း​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။ သို့ဖြစ်၍ အခြား​သော​သူ​များ​ကဲ့သို့ အိပ်ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​ကုန်စို့။ အကြောင်းမူကား အိပ်ပျော်​သော​သူ​တို့​သည် ည​အခါ​၌ အိပ်ပျော်​တတ်​ကြ​၏။ ယစ်မူး​သော​သူ​တို့​သည်​လည်း ည​အခါ​၌ ယစ်မူး​တတ်​ကြ​၏။ ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။ အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ကို အမျက်​တော်​သက်ရောက်​စေရန် သတ်မှတ်​ထား​တော်မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်​ခြင်း​ကို​ရရှိ​စေရန် သတ်မှတ်​ထား​တော်မူ​၏။ ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။ ထို့ကြောင့် ယခု​သင်​တို့​ပြု​နေ​သည့်​အတိုင်း အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်ဆောက်​မြှင့်တင်​ပေး​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။