YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 8

8
ဗင်္ယာမိန်၏သားစဉ်မြေးဆက်
1ဗင်္ယာမိန်​၏​သား​များ​မှာ သားဦး​ဗေလ​၊ ဒုတိယ​သား​အာရှဗေလ​၊ တတိယ​သား​အဟာရာ​၊ 2စတုတ္ထ​သား​နောဟ​၊ ပဉ္စမ​သား​ရာဖ တို့​ဖြစ်​ကြ​၏​။
3ဗေလ​၏​သား​များ​မှာ အာဒါ​၊ ဂေရ​၊ အဘိဟုဒ်​၊
4အဘိရွှ​၊ နေမန်​၊ အာဟော​၊
5ဂေရ​၊ ရှေဖုဖန်​၊ ဟုရံ တို့​ဖြစ်​ကြ​၏​။
6ဧဟုဒ​၏​သားမြေး​များ​မှာ မနာဟတ်​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ဂေဗ​မြို့သား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သည့် 7နေမန်​၊ အဟိယ​၊ ဂေရ တို့​ဖြစ်​ကြ​၏​။ သူ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သား​ဩဇ​နှင့်​အဟိဟု တို့​ကို​ရ​၏​။ 8ရှဟာရိမ်​သည် မယား ဟုရှိမ်​နှင့်​ဗာရာ​ကို နှင်ထုတ်​လိုက်​၏​။ ထို့နောက် သူ​သည် မောဘ​ပြည်​တွင် သား​များ​ကို​ရ​၏​။ 9မောဘ​ပြည်​တွင် သူ​၏​မယား​ဟောဒေရှ​နှင့် သား ယောဗပ်​၊ ဇိဘိ​၊ မေရှ​၊ မာလခံ​၊ 10ယုဇ​၊ ရှာခိ​၊ မိရမ တို့​ကို​ရ​၏​။ ဤ​သူ​တို့​သည် ရှဟာနိမ်​၏​သား​များ​ဖြစ်​ပြီး ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​လည်း ဖြစ်​၏​။ 11သူ​သည် မယား​ဟုရှိမ်​နှင့်​လည်း သား​အဘိတုပ်​နှင့်​ဧလပါလ တို့​ကို​ရ​ခဲ့​သေး​၏​။
12ဧလပါလ​၏​သား​များ​မှာ ဧဗာ​၊ မိရှဟံ​၊ ရှာမက် တို့​ဖြစ်​ကြ​၏​။ ရှာမက်​သည် ဩနော​မြို့​၊ လောဒ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ကို တည်ဆောက်​ခဲ့​၏​။ 13ဗေရိယ​နှင့် ရှေမာ​သည် ဂါသ​မြို့သား​တို့​ကို နှင်ထုတ်​ခဲ့​သော အာယလုန်​မြို့သား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။
14အဟိဩ​၊ ရှာရှက်​၊ ယေရမုတ်​၊
15ဇေဗဒိ​၊ အာရဒ်​၊ အာဒါ​၊
16မိက္ခေလ​၊ ဣရှပ​၊ ယောဟ တို့​သည် ဗေရိယ​၏​သား​များ ဖြစ်​ကြ​၏​။
17ဇေဗဒိ​၊ မေရှုလံ​၊ ဟိဇကိ​၊ ဟေဗာ​၊
18ဣရှမေရဲ​၊ ယေဇလိ​၊ ယောဗပ် တို့​သည် ဧလပါလ​၏​သား​များ ဖြစ်​ကြ​၏​။
19ယာကိမ်​၊ ဇိခရိ​၊ ဇာဗဒိ​၊
20ဧလျေနဲ​၊ ဇိလသဲ​၊ ဧလျေလ​၊
21အဒါယ​၊ ဗေရာယ​၊ ရှိမရတ် တို့​သည် ရှိမိ​၏​သား​များ ဖြစ်​ကြ​၏​။
22ဣရှပန်​၊ ဧဗာ​၊ ဧလျေလ​၊
23အာဗဒုန်​၊ ဇိခရိ​၊ ဟာနန်​၊
24ဟာနနိယ​၊ ဧလံ​၊ အန္တောသိယ​၊
25ဣဖဒိယ​နှင့် ပေနွေလ တို့​သည် ရှာရှက်​၏​သား​များ ဖြစ်​ကြ​၏​။
26ရှံရှရဲ​၊ ရှေဟာရိ​၊ အာသလိ​၊
27ယာရရှိ​၊ ဧလိယ​၊ ဇိခရိ တို့​သည် ယေရောဟံ​၏​သား​များ ဖြစ်​ကြ​၏​။ 28ဤ​သူ​တို့​သည် ဆွေစဉ်မျိုးဆက်​အလိုက် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​ပြီး ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။
29ဂိဗောင်​၏​ဖခင်​သည် ဂိဗောင်​မြို့​တွင် နေထိုင်​၏​။ မယား​အမည်​မှာ မာခါ ဖြစ်​၏​။ 30ဂိဗောင်​၏​သား​များ​မှာ သားဦး​အာဗဒုန်​၊ ဇုရ​၊ ကိရှ​၊ ဗာလ​၊ နာဒပ်​၊ 31ဂေဒေါ်​၊ အဟိဩ​၊ ဇေခါ​၊ 32မိကလုတ် တို့​ဖြစ်​ကြ​၏​။ မိကလုတ်​သည် သား​ရှိမာ​ကို​ရ​၏​။ သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ​သူ​တို့​၏​ဆွေမျိုးသားချင်း​များ​နှင့်အတူ ဆွေမျိုးသားချင်း​များ​အနီးအနား​တွင် နေထိုင်​ကြ​၏​။
33နေရ​သည် သား​ကိရှ​ကို​ရ​၏​။ ကိရှ​သည် သား​ရှောလု​ကို​ရ​၏​။ ရှောလု​သည် သား​ယောနသန်​၊ မေလခိရွှ​၊ အဘိနဒပ်​၊ ဣရှဗာလ တို့​ကို​ရ​၏​။
34ယောနသန်​၏​သား​မှာ မေရိဗ္ဗာလ​၊ မေရိဗ္ဗာလ​၏​သား​မှာ မိက္ခာ​၊ 35မိက္ခာ​၏​သား​များ​မှာ ပိသုန်​၊ မေလက်​၊ တာရာ​၊ အာခတ် တို့​ဖြစ်​ကြ​၏​။
36အာခတ်​သည် သား​ယဟောဒါ​ကို​ရ​၏​။ ယဟောဒါ​သည် သား​အာလမက်​၊ အာဇမာဝက်​၊ ဇိမရိ တို့​ကို​ရ​၏​။ ဇိမရိ​သည် သား​မောဇ​ကို​ရ​၏​။
37မောဇ​သည် သား​ဗိနာ​ကို​ရ​၏​။ ဗိနာ​၏​သား​မှာ ရာဖာယ​၊ ရာဖာယ​၏​သား​မှာ ဧလာသ​၊ ဧလာသ​၏​သား​မှာ အာဇေလ ဖြစ်​၏​။
38အာဇေလ​တွင် သား​ခြောက်​ယောက်​ရှိ​၏​။ ထို​သား​တို့​၏​အမည်​များ​မှာ အာဇရိကံ​၊ ဗောခေရု​၊ ဣရှမေလ​၊ ရှရိယ​၊ ဩဗဒိ​၊ ဟာနန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​အားလုံး​တို့​သည် အာဇေလ​၏​သား​များ ဖြစ်​ကြ​၏​။ 39အာဇေလ​၏​ညီ​ဖြစ်​သော ဧရှက်​၏​သား​များ​မှာ သားဦး​ဥလံ​၊ ဒုတိယ​သား​ယုရှ​၊ တတိယ​သား​ဧလိဖလက် တို့​ဖြစ်​ကြ​၏​။ 40ဥလံ​၏​သား​များ​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ​၊ လေးသည်တော်​များ ဖြစ်​ကြ​ပြီး သားမြေး​များ​၍ ပေါင်း​တစ်ရာ့​ငါးဆယ် ရှိ​၏​။ ဤ​သူ​အားလုံး​တို့​သည် ဗင်္ယာမိန်​၏​သားမြေး​များ ဖြစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ