ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။ ဒါဝိဒ်မင်းကြီးသည်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် ဂဒ်ဆင့်ဆိုသည့်စကားအတိုင်း သွား၍ပြုလေ၏။ ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။ ဒါဝိဒ်မင်းကြီးသည် ဩရနန်ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင် ဩရနန်ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။ သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင် ဒါဝိဒ်မင်းကြီးသည် ဩရနန်အား မြေနေရာအတွက် ကျသင့်ငွေ ရွှေအချိန်ခြောက်ရာရှယ်ကယ်ကို ပေး၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။ ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။
ရာဇဝင်ချုပ်ပထမစောင် 21 ကိုဖတ်ပါ။
နားထောင်ပါ။ ရာဇဝင်ချုပ်ပထမစောင် 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရာဇဝင်ချုပ်ပထမစောင် 21:18-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ