၁ ရာဇဝင်ချုပ် 21:18-27
၁ ရာဇဝင်ချုပ် 21:18-27 Judson Bible (JBMLE)
ထိုအခါ ဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်စေခြင်းငှာ ပြောရမည်အကြောင်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊ ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်အတိုင်း ဒါဝိဒ်သည် သွားလေ၏။ အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။ ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်းမှဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပျပ်ဝပ်လေ၏။ ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ်ကို အဖိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊ အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများ၊ ထင်းဖို့ ကောက်နယ်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာဖို့ ဂျုံစပါးများအလုံးစုံကို ကျွန်တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊ ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဖို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကိုဝယ်ပြီးမှ၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓားကို ဓားအိမ်၌သွင်းထားပြန်၏။
၁ ရာဇဝင်ချုပ် 21:18-27 Common Language Bible (BCL)
ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား``သင်သည်ဒါဝိဒ်ထံသို့သွား၍သူ့ အားယေဗုသိအမျိုးသားအရောနကောက် တလင်းတွင် ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ရန်ပြောကြားလော့'' ဟုဆို၏။- ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။- အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။- အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။- ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။ အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။ သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။- ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊- ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။ ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။
၁ ရာဇဝင်ချုပ် 21:18-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။ ဒါဝိဒ်မင်းကြီးသည်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် ဂဒ်ဆင့်ဆိုသည့်စကားအတိုင်း သွား၍ပြုလေ၏။ ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။ ဒါဝိဒ်မင်းကြီးသည် ဩရနန်ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင် ဩရနန်ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။ သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင် ဒါဝိဒ်မင်းကြီးသည် ဩရနန်အား မြေနေရာအတွက် ကျသင့်ငွေ ရွှေအချိန်ခြောက်ရာရှယ်ကယ်ကို ပေး၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။ ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။