YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 20

20
ရဗ္ဗာမြို့ကိုသိမ်းပိုက်ခြင်း
1ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့​စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ယွာဘ​သည် စစ်သည်​အလုံးအရင်း​ကို ဦးဆောင်​လျက် အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို တိုက်ခိုက်ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း သွားရောက်​ဝိုင်းရံ​ထား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။ ယွာဘ​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​အောင်​နိုင်​လေ​၏​။ 2ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​တို့​ဘုရင်​၏​ဦးခေါင်း​မှ အဖိုးတန်​ကျောက်​များ​နှင့်တကွ ရွှေ​တစ်တာလန်#20:2 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။​အလေးချိန်​ရှိ​သော​သရဖူ​ကို ယူ​လေ​၏​။ ထို​သရဖူ​ကို ဒါဝိဒ်​မင်းကြီး​၏​ဦးခေါင်း​တွင် ဆောင်းပေး​ကြ​၏​။ ထို​မြို့​မှ​တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​ရရှိ​လေ​၏​။ 3မြို့သား​တို့​ကို​လည်း​ခေါ်ဆောင်​သွား​ပြီး လွှ​တိုက်​၊ သံ​ထွန်​၊ ပုဆိန်​ပေါက်​အလုပ်​တို့​ကို လုပ်​စေ​၏​။ ဒါဝိဒ်​မင်းကြီး​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့ရွာ​တိုင်း​၌ ထိုသို့​ပြု​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​နှင့်​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။
ခန္ဓာထွားကျိုင်းသောဖိလိတ္တိလူမျိုး
4ထို့နောက်တွင် ဂေဇာ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ဖြစ်​ရာ ဟုရှသိ​လူမျိုး​သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင်​သိပ္ပဲ​ကို သတ်လိုက်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​လေ​၏​။ 5ထို့နောက်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ ယာဣရ​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး​ဂေါလျတ်​၏​ညီ လာခမိ​ကို သတ်​လိုက်​၏​။
6ထို့နောက်တွင် ဂါသ​မြို့​၌ တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ လက်​တစ်ဖက်​တွင်​လက်ချောင်း​ခြောက်​ချောင်း​၊ ခြေ​တစ်ဖက်​တွင်​ခြေချောင်း​ခြောက်​ချောင်း စုစုပေါင်း​လက်ချောင်း​ခြေချောင်း နှစ်ဆယ့်​လေး​ချောင်း​ရှိ​ပြီး ခန္ဓာထွားကျိုင်း​သော ရေဖိမ်​အနွယ်ဝင် လူ​တစ်ဦး​က 7အစ္စရေး​လူမျိုး​တို့​အား စိန်ခေါ်​သဖြင့် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား​ယောနသန်​သည် သူ့​ကို သတ်လိုက်​လေ​၏​။
8ရေဖိမ်​အနွယ်ဝင် ထို​ဂါသ​မြို့သား​လေး​ဦး​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် သူ့​စစ်သူရဲ​တို့​၏​လက်ချက်​ဖြင့် ကျဆုံး​ကုန်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ