YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေ​ရ​မိ 9မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။ အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။