YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ပေ 3မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။- သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။

နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။- အ​ဆိုး​ကို​အ​ဆိုး​အား​ဖြင့်​လည်း​ကောင်း၊ ကျိန် ဆဲ​ခြင်း​ကို​ကျိန်​ဆဲ​ခြင်း​အား​ဖြင့်​လည်း​ကောင်း တုံ့​ပြန်​ခြင်း​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့် အ​စား​ကောင်း​ချီး​ပေး​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သည့် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​စေ​ရန် သင်​တို့ အား​ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​ခဲ့ သော​ကြောင့်​တည်း။

​၁ ပေ 3 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။