အကျွန်ုပ်သည် ဤတပည့်တော်တို့အတွက်သာ ဆုတောင်းသည်မဟုတ်ပါ။ သူတို့၏ ဟောပြောခြင်းအားဖြင့် နောင်တွင် အကျွန်ုပ်ကို ယုံကြည်လာကြမည့် သူတို့အတွက်လည်း ဆုတောင်းပါ၏။ အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။