YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ မင်္ဂ​လာ​နှစ်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။

တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်၏ အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- ကျမ်း​စာ​လာ​သည်​ကား၊ သင့်​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊- သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ဤ​အ​ထွတ်​မှ ကိုယ်​ကို အောက်​သို့ ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စ​ကား​ရှိ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

​ရှင်လုကာ 4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။