YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:5-8

ရှင်လုကာ 4:5-8 Judson Bible (JBMLE)

တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ရှင်လုကာ 4:5-8 Common Language Bible (BCL)

ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊- ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။

ရှင်လုကာ 4:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ “ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။ သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။