YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 2မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထို​အ​ခါ ဒံ​ယေ​လ​သည် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ပ​ညာ​နှင့်​လည်း​ကောင်း၊ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။ ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။ နက်​နဲ​ခက်​ခဲ​သော အ​ရာ​တို့​ကို ထင်​ရှား​စွာ ပြ​တော်​မူ၏။ မှောင်​မိုက်၌​ရှိ​သ​မျှ​တို့​ကို သိ​မြင်၍ အ​လင်း၏​တည်​ရာ ဖြစ်​တော်​မူ၏။