YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 2:20-22

ဒံယေလ 2:20-22 Judson Bible (JBMLE)

ထို​အ​ခါ ဒံ​ယေ​လ​သည် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ပ​ညာ​နှင့်​လည်း​ကောင်း၊ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။ ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။ နက်​နဲ​ခက်​ခဲ​သော အ​ရာ​တို့​ကို ထင်​ရှား​စွာ ပြ​တော်​မူ၏။ မှောင်​မိုက်၌​ရှိ​သ​မျှ​တို့​ကို သိ​မြင်၍ အ​လင်း၏​တည်​ရာ ဖြစ်​တော်​မူ၏။

ဒံယေလ 2:20-22 Common Language Bible (BCL)

``ဘု​ရား​သ​ခင်​သည်​ဉာဏ်​ပ​ညာ​တော် တန်​ခိုး​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​အ​ချိန်​ကာ​လ​နှင့်​ရာ​သီ​ဥ​တု တို့​ကို အ​စိုး​ရ​တော်​မူ​၏။ ဘု​ရင်​တို့​အား​နန်း​တင်​နန်း​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​တို့​အား​ဉာဏ်​ပ​ညာ​နှင့် အ​သိ​တ​ရား​ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လျှို့​ဝှက်​နက်​နဲ​သည့် အ​ရာ​များ​ကို​ထုတ်​ဖော်​တော်​မူ​၏။ မှောင်​မိုက်​တွင်​ဖုံး​ကွယ်​နေ​သည့် အ​ရာ​များ​ကို​သိ​တော်​မူ​၏။ ကိုယ်​တော်​အား​အ​လင်း​ဝိုင်း​ရံ​လျက်​ရှိ​၏။

ဒံယေလ 2:20-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“​ဘုရားသခင်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ချီးမွမ်း​ကြ​ပါစေသော​။ ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​သည် ကိုယ်တော့်​ထံမှ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။ ခက်ခဲနက်နဲ​သော​အရာ​၊ လျှို့ဝှက်​သော​အရာ​တို့​ကို ဖွင့်ပြ​တော်မူ​၏​။ မှောင်မိုက်​ထဲ၌​ရှိ​သော​အရာ​တို့​ကို​လည်း သိ​တော်မူ​၏​။ အလင်း​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။