1
ဆာလံကျမ်း 31:24
မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားကိုမျှော်လင့်ကိုးစားသူအပေါင်းတို့၊ အားယူ၍ သင်တို့စိတ်နှလုံးကိုရဲရင့်စေကြလော့။
နှိုင်းယှဉ်
ဆာလံကျမ်း 31:24ရှာဖွေလေ့လာလိုက်ပါ။
2
ဆာလံကျမ်း 31:15
အကျွန်ုပ်၏အချိန်ကာလတို့သည် ကိုယ်တော်၏လက်တော်၌ရှိပါ၏။ အကျွန်ုပ်၏ရန်သူတို့နှင့် အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
ဆာလံကျမ်း 31:15ရှာဖွေလေ့လာလိုက်ပါ။
3
ဆာလံကျမ်း 31:19
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
ဆာလံကျမ်း 31:19ရှာဖွေလေ့လာလိုက်ပါ။
4
ဆာလံကျမ်း 31:14
သို့သော် အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု အကျွန်ုပ်ဆိုပါ၏။
ဆာလံကျမ်း 31:14ရှာဖွေလေ့လာလိုက်ပါ။
5
ဆာလံကျမ်း 31:3
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုပို့ဆောင်လျက် အကျွန်ုပ်ကိုလမ်းပြတော်မူ၏။
ဆာလံကျမ်း 31:3ရှာဖွေလေ့လာလိုက်ပါ။
6
ဆာလံကျမ်း 31:5
အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့အပ်နှံပါ၏။ သမ္မာတရားနှင့်ပြည့်စုံတော်မူသောဘုရားသခင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပြီ။
ဆာလံကျမ်း 31:5ရှာဖွေလေ့လာလိုက်ပါ။
7
ဆာလံကျမ်း 31:23
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
ဆာလံကျမ်း 31:23ရှာဖွေလေ့လာလိုက်ပါ။
8
ဆာလံကျမ်း 31:1
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်သည် မည်သည့်အခါမျှ အရှက်မကွဲရပါစေနှင့်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
ဆာလံကျမ်း 31:1ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ