YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 9မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။ သူ​တို့​အား​လမ်းပြသွန်သင်​ပေး​ရန် ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​ကို ချပေး​တော်မူ​၏​။ ကိုယ်တော်​၏​မန္နမုန့်​ကို သူ​တို့​ပါးစပ်​နှင့်​မ​ပြတ်​စေ​ဘဲ ရေဆာ​သောအခါ​တွင်​လည်း ရေ​ကို​ပေး​တော်မူ​၏​။ တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး ကျွေးမွေး​တော်မူ​သဖြင့် သူ​တို့​၌ မည်သည့် လိုအပ်​ချက်​မျှ​မ​ရှိ​။ သူ​တို့​၏​အဝတ်​များ​သည် မ​ဟောင်းနွမ်း​၊ သူ​တို့​၏​ခြေ​တို့​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။