1
ရှင်မဿဲခရစ်ဝင် 25:40
မြန်မာ့စံမီသမ္မာကျမ်း
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
နှိုင်းယှဉ်
ရှင်မဿဲခရစ်ဝင် 25:40ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်မဿဲခရစ်ဝင် 25:21
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
ရှင်မဿဲခရစ်ဝင် 25:21ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်မဿဲခရစ်ဝင် 25:29
အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
ရှင်မဿဲခရစ်ဝင် 25:29ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်မဿဲခရစ်ဝင် 25:13
သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ။
ရှင်မဿဲခရစ်ဝင် 25:13ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်မဿဲခရစ်ဝင် 25:35
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
ရှင်မဿဲခရစ်ဝင် 25:35ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်မဿဲခရစ်ဝင် 25:23
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
ရှင်မဿဲခရစ်ဝင် 25:23ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်မဿဲခရစ်ဝင် 25:36
ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
ရှင်မဿဲခရစ်ဝင် 25:36ရှာဖွေလေ့လာလိုက်ပါ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ