အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ဤပဋိညာဉ်၌ပါရှိသောအချက်တို့ကို နားမထောင်သောသူသည် ကျိန်ခြင်းကိုခံရမည်။ သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်သံမီးပြင်းဖိုမှ ငါထုတ်ဆောင်လာခဲ့စဉ်က ငါ့စကားကိုနားထောင်၍ ငါဆင့်ဆိုသမျှတို့ကိုပြုကြလော့။ သို့ပြုလျှင် သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၍ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်ဟု ငါပဋိညာဉ်ပြုထားခဲ့၏။